ရွှေဘို ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာ အာဇာနည် နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “တို့များ မမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ် မမေ့အပ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် “အာဇာနည်နှင့် အမျိုးသားရေးတာဝန်” ခေါင်းစဥ်ဖြင့်လည်းကောင်း မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၉)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် ဆရာ/မများ၏ ကြီးကြပ်မှုဖြင့် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်