လွိုင်လင် ဇူလိုင် ၁၄
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပါသည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ဦးဇင်မင်းထွန်းမှ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ကျောင်းသား/သူများမှ အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြပြီးနောက် ပထမနှစ် ကျောင်းသူ/သားများကို King ,Queen ရွေးချယ်ကြကာ စလွယ်နှင့်သရဖူ တို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)