နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ ဌာနဆိုင်ရာရုံးများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ ဇူလိုင် ၁၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ ဌာနဆိုင်ရာရုံးများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့် ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများက စစ်ဆေးခြင်းဖြစ်ပြီး ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိ သူများက ဌာနဆိုင်ရာရုံးများတွင် ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သန့်ရှင်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မန်ကျည်းပျိုးပင် ၃၀၀၀၀ ပျိုးခြံသို့ လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ရာ မန်ကျည်းပင်များရှင်သန်ကြီးထွားစေရန်အတွက် နေ့စဉ်ရေလောင်း၊ ပေါင်းသင်လုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)