ငပုတော ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာမြတ်ငြိမ်း ရေးသားသော”အနာဂတ်၏ လူငယ်သူကြွယ်များပျိုးထောင်ခြင်း” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နုနုရီက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ပြီးနောက် စာအုပ်တွင်ပါဝင်သော သင့်ပညာရေး၏ အောင်မြင်မှုကို ဘယ်အချိန်မှာ တိုင်းတာမည်လဲ၊ ကျန်းမာရေး အသိပညာနှင့် လူမှူဖူလုံရေး စာရင်းအင်းများ၊ စည်းကမ်းဥပဒေများ ပြောင်းလဲမှု၊ ကျောင်းပညာ၊ ဝမ်းကျောင်းပညာမှုနှင့် ကလေးတိုင်းသည် မွေးရာပါပါရမီရှင်ဖြစ်ကြောင်းနှင့် စာအုပ်တွင်ပါဝင်သော အခြား အကြောင်းအရာများကို ထက်ဆင့်ရှင်းလင်းပြောကြာပြီး ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်သူ