သတင်းများ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁) ဘာသာ၊ (၂) ဘာသာ၊ (၃) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပသည်။
နာဂဒေသ၊ နန်းယွန်းမြို့၌ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးထုတ်လုပ်ရေး စီမံချက်ဖြင့် ဆောင်ရွက်သော ပျိုးပင်၊ မျိုးစေ့ပေးအပ်ပွဲပြုလုပ်
Jul 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးထုတ်လုပ်ရေးစီမံချက်ဖြင့်ဆောင်ရွက်သော ပျိုးပင်၊မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ​ပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်းဆင်းပွဲတက်ရောက်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်
Jul 14,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှကြီးမှူး၍ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက် phpMyAdmin Application Software အသုံးပြုကာ ရုံးတွင်းမှတ်တမ်းများကို Database ပြုလုပ်၍ စနစ်တကျ စီမံခန့်ခွဲနိုင်ရေး ဖွင့်လှစ်ပေးခဲ့သော Introduction to Database System သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး မဂျွယ်ဂင်တောင်ခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ လူငယ်ပညာပေး ဟောပြောပွဲကျင်းပ
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် လူငယ်ပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၁၂)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 14,2023
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ညနေ (၄) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jul 14,2023
(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းသား/သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲ များ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ မြို့နယ်သံဃနာယကအဖွဲ့ လစ်လပ် အစားထိုးရွေးချယ်ပွဲအစည်းအဝေး ကျင်းပ
Jul 14,2023
ပဲခူးတိုင်း‌ဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၉ ဖအောင်ဝဲရပ်ကွက်၊ သီရိမင်္ဂလာမှန်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း လစ်လပ်လျက်ရှိသော မြို့နယ်သံဃနာယကဆရာတော် ၁ ပါးနှင့် တိုင်းသံဃာ့ဝန်ဆောင်ဆရာတော် ၁ ပါး အစားထိုး ရွေးချယ်ပွဲအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီ၌ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။