ပူတာအို ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူစိတ်များဖြစ် ပေါ်လာစေရန်၊ နိူင်ငံ၏ နေ့ထူးရက်မြတ်များဖြစ်ပေါ်လာပုံ အကြောင်းအရာများအား လူငယ်များ ပိုမိုသိရှိထားစေရန်နှင့် နိူင်ငံတော်အတွက် အားထားရမည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ကဗျာ စပ်ပြိုင်ပွဲကို ဇူလိုင် (၁၄) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသူကျောင်းသားများ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်း ဆောင်ကြီးများအား အတုယူလေးစား တန်ဖိုးထားပြီး အစဉ်အမှတ်ရနေစေရန်အတွက် ခင်းကျင်းပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာ က ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအနေဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစု ပေါင်း (၁၀) ဦးတို့က “အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာစပ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀) ဦးတို့က “(၁၉)ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရ ကျောင်းသားကျောင်းသူများ အားဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)