မလှိုင် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပညာရေးဌာနကကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့်ဆောင်းပါးပြိုင်ပွဲများကို ဇူလှိုင်လ ၁၄ရက်နေ့ နံနက်ပိုင်းက မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၈၆)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ သူများ၊ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ သူများ၊ စုစုပေါင်း(၁၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အထက်တန်း အဆင့် ဆောင်းပါးပြိုင်ပွဲတွင် “ အာဇာနည်နေ့ နှင့် အမျိုးသားရေးတာဝန် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် “ လေးမြတ်ဂုဏ်ရည် အာဇာနည် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ သမိုင်းမော်ကွန်းတည် (၉)ဦးအာဇာနည် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ အာဇာနည်မြတ် မမေ့အပ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “တို့များမမေ့နိုင် ၁၉ ဇူလိုင်” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပေးခဲ့သည်။
အဆိုပါနေ့က အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/ သူ(၇)ဦး၊ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၂၃)ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၁၃)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၃၆)ဦး ၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၁၅)ဦး ၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် (၂၆)ဦး ၊ စုစုပေါင်း (၁၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြင့်၊ မလှိုင်(အထက) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ မများက လိုက်လံကြည့်ရှု့အားပေးပြီး ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(ပြန်/ ဆက်)