စလင်း ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ရဲမှူးကြီးအောင်သူ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇင်မာဦးတို့က ယှဥ်ပြိုင်ကစားကြပုံများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုမြို့နယ်သီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အတွင်းရှိ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်းကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်၊ ခြင်းလုံးအားကစားနည်ရေရှည်တည်တံ့၍အဖွဲ့လိုက် ဝိုင်းဖွဲ့စုပေါင်းကစားနည်းကို မပျောက်ပျက်စေဘဲ အားကစားအခန်းကဏ္ဍတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် အဖွဲ့(၆)ဖွဲ့မှ ပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဝိုင်းခြင်းခတ် ပြိုင်ပွဲတွင်၊ဘယ်/ ညာအစုံ၊ခြင်းလတ်မျိုးကွဲ၊ ခြင်းလတ်မျိုးတူ၊ ခြင်းကြီးဘယ်/ ညာအစုံ၊ခြင်းကြီးမျိုးကွဲ၊ ခြင်းကြီးမျိုးတူ၊ အတော့/ အတွဲနှင့် လက်ရွေးစင်မျိုးကွဲ၊ လက်ရွေးစင်မျိုးတ စသည့်မြန်မာ့ရိုးရာ ခြင်းခတ်ကစားနည်းဖြင့် အမှတ်ပေးပုံစံဖြင့် ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)