တိုက်ကြီး ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ၆ ရက်နေ့မှ ၁၄ရက်နေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက ကျေးရွာရွေးချယ်ရေးမူများ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်အချက်များကို ဆွေးနွေးပြောကြားပြီး ကျေးရွာသူ/ သားများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်းနှင့် ကျေးရွာကော်မတီအဖွဲ့များကို ကျေးရွာပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်အတည်ပြု ဖွဲ့စည်းပေးကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို ရေကန်စုကျေးရွာ၊ သာရဝေါကျေးရွာ၊ သစ်ခေါင်းကြီးကျေးရွာ၊ ကျွဲဘုန်း (မြန်မာစု)ကျေးရွာ၊ ရွှေမြိုင်သာယာကျေးရွာ၊ ရွှေနားကွင်း(အနောက်)ကျေးရွာ၊ လဟာမငယ်ကျေးရွာ၊ ရေနက်လမ်းဝင် (အနောက်) ကျေးရွာ၊ ဝါဒလိကျေးရွာ၊ ချောင်းကျိုး ကျေးရွာ၊ သမ္ဘာန်ကျော်အထက်စုကျေးရွာ၊ ကျိုက်မန်းထော်ကျေးရွာ၊ ဒင်းမဲကုန်းကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာနှင့် စိန်စပ်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ ဆက်)