ကျွန်းကုန်းကျေးရွာ ချမ်း‌မြေ့ဆန်စက်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (မိုးစပါး)ဖြင့် တောင်သူများသို့ သွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာ ချမ်းမြေ့ဆန်စက်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (မိုးစပါး) ဖြင့် တောင်သူများသို့ သွင်းအားစု ဓာတ်မြေ ဩဇာ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှုများနှင့် တောင်သူများ တက်ရောက်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မား‌စေရေးကော်မတီအဖွဲ့ဥက္ကဋ္ဌမှ စာချုပ်ပါစည်းကမ်းချက်များနှင့် သွင်းအားစု ထုတ်ပေးမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများနှင့် စာချုပ်များ ချုပ်ဆိုကာ အောဘာကုမ္ပဏီမှ ထုတ်လုပ်သည့် စက်ကြာတံဆိပ်ဓာတ်မြေဩဇာများ၊ ကွန်ပေါင်း(၁၅) ပတ်လည်ဓာတ်ဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)