နမ္မတူ ဇူလိုင် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအစီအမံများအား ရှင်းလင်းချပြခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများနှင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများဖြင့် မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တင်ဒါအောင်မြင်သော ကုမ္ပဏီများဖြစ်သည့် Silver Mark ကုမ္ပဏီ၊ ရှိုင်းမင်းခကုမ္ပဏီနှင့် Unit Queen Land ကုမ္ပဏီတို့မှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်ရမည့် ကျေးလက် ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များအား မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)