နမ့်စန်တွင် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

နမ့်စန်() ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က  ယနေ့ နံနက် ၁၀ နာရီ၌ မြို့မစည်ပင်သာယာ ဈေးအတွင်း ပုံမှန် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုဦး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ ဒုတိယဦးစီးမှူး ဦးကျော်ထွန်းသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက အမှတ်()ရပ်ကွက်အတွင်းရှိ မြို့မစည်ပင်ဈေးတွင် ဈေးမီးဘေးလုံခြုံရေးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းမှုနှင့် သုံးစွဲမှုအခြေအနေ၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ စနစ်တကျထားရှိသုံးစွဲမှု၊ ရေရရှိရေးနှင့် ရေသိုလှောင်ထားမှုအခြေအနေ၊ ပစ္စည်းများကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင် မီးဘေးအန္တရာယ် အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပြောကြားခဲ့ကာ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့မစည်ပင်သာယာ ဈေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ထွန်းတို့က မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသ ရှင်းလင်းခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)