ဝမ်းတွင်း ဇူလှိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတတ်လာစေရန်၊ စကားပြောအတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စကားဝိုင်များပြုလုပ်ပေးခြင့်ဖြင့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ယခုလို လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကိုကျင်းပခဲ့ရာ Grade-11မှ မအိအိလွင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မခင်ဖုန်းမြင့်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10မခိုင်ဇင်သော်က လူငယ်နှင့်မူးယစ်ဆေးခေါင်းဆောင်စဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ညီညီအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မခင်ပြုံးလှိုင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်သူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းမှ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပပေးခြင့်ဖြင့် အနာဂတ် မြန်မာနိုင်ငံရဲ့ တာဝန်ကိုပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် လူငယ်လူရွယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်ချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြက်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှု၊ အတွေးခေါ် မှန်ကန်စေမှု့များကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်းနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း (သဲတော၊ သဘွတ်ကုန်း၊ ညောင်အုပ်ဖီး)တို့မှ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)