တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တောင်ငူ ဇူလိုင် ၁၇

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲအား ကျင်းပရာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅ ဦးက ပါဝင်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်၊ အ.ထ.က (၁) တောင်ငူမှ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းထွေး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြသိန်းနှင့် အဖွဲ့ဝင် ဦးစိုးမြင့်လေးတို့က ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၁) နှင့် နှစ်သိမ့်ဆု (၂)ရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် မိဘများက ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန် / ဆက်)