ခရမ်း ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစာင် ဓာတ်ပုံပြသပွဲကိုခရမ်း မြို့နယ်အမှတ် (၁) အခြေခံပညာအထက်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေက အဖွင့်အမှာစကားပြောကြားပြီး ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ ကကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ သမိုင်းအကြာင်းအရာများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစာင်များအား လေ့လာကြည်ရှုခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)