ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်းဆောင်ရွက်

ဖြူး ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးကြူးစုကျေးရွာအုပ်စု၊ ဦးကြူးစုကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် လမ်း(မြေသားခင်းခြင်းအပိုင်း၊ ကျောက်ရောမြေခင်းခြင်းအပိုင်းနှင့် Pipe Culvert) လုပ်ငန်းအားသမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ဇွန်လပထမအပတ်ကစတင် ဆောင်ရွက်နေလျက်ရှိကြောင်း  သိရသည်။

ဦးကြူးစုကျေးရွာ ကုန်ထုတ်လမ်းအား ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် (၄၉.၀၃)သန်းဖြင့် မြေသားလမ်းအရှည်(၀/၅.၆)မိုင်၊ လမ်းအကျယ်(၁၄)ပေ၊ အဆိုပါလမ်းအရှည်အတိုင်းလမ်းအကျယ်(၁၂)ပေရှိ ကျောက်ရောမြေခင်းခြင်းနှင့် Pipe Culvertတစ်စင်း လုပ်ငန်းများကို Royal Shwe Lawon ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်နေခြင်းဖြစ်ပြီးအောက်တိုဘာလအတွင်း အပြီးသတ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါကုန်ထုတ်လမ်းပြီးစီးပါက ကျေးရွာအုပ်စုအတွင်း အဓိကအားထားလုပ်ကိုင်နေသည့် လယ်ယာ(၈၀၀)ဧကခန့်မှရရှိလာမည့် ထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် ပိုမိုထိရောက်စွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)