ကမမောင်းမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကမမောင်း ဇူလှိုင် ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ      စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ)  ဒေါ်တင်တင်လှက       အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်(၉)ဦး၏အတ္ထုပ္ပတ္တိ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့သင့်ကြောင်း၊  လွတ်လပ်ရေးရရှိရန် ကြိုးစားခဲ့ပုံများအကြောင်းကို ​ကျောင်းသား၊ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်စေရန်ဟောပြောပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ပြီး  အခမ်းအနားသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)