တိုက်ကြီး ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဉီးတည်အုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ KG တန်း ကျောင်းသား ကျောင်းသူ ၁၆၃၄ ဉီး၊ အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူ ၃၉၄ ဉီးနှင့် အသက် ၁၂ နှစ် မှ ၁၈ နှစ်အထိ ကျောင်းသားကျောင်းသူ ၇၁ ဉီး နှင့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူ ၃ ဉီးတို့အား Sinopharm ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်း၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူ ၂၀ ဉီး၊ အသက်၁၂ နှစ် မှ ၁၈ နှစ်အထိ ကျောင်းသားကျောင်းသူ ၄ ဉီး နှင့် အသက် ၁၈ နှစ်နှင့်အထက် ၈ ဉီး တို့အား Sinopharm ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း၊ အသက် ၅ နှစ် မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူ ၁၁၀၈ ဉီး၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသားကျောင်းသူ ၁၆၅၈ ဉီးနှင့် အသက် ၁၈ နှစ်အထက် ၅၃ ဉီးတို့အား Sinopharm First Booster Dose ထိုးနှံပေးခြင်း၊ အသက် ၁၂ မှ ၁၈ အထိ ၃၉၃ ဉီး၊ အသက် ၁၈ နှစ်အထက် ၂၄ ဉီးတို့အား Sinopharm Second Booster Dose ထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဉီးတည်အုပ်စုအလိုက်ထိုးနှံပေးရာ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း ၅၃၇၀ ဉီးရှိကြောင်း သိရသည်။ အလားတူ ယနေ့ နံနက်ပိုင်း က တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း မြို့မ (၇) ကျောင်းရှိ KG တန်း နှင့် Grade -1 ကျောင်းသားကျောင်းသူ ၄၈ ဉီးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် Grade-1 မှ Grade – 7 အထိ ကျောင်းသားကျောင်းသူ ၄၇ ဉီးတို့အား တတိယအကြိမ် Booster Dose ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အခြေခံပညာကျောင်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအထောက်အကူပြုအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)