ပုဗ္ဗသီရိမြို့နယ်တွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ ကူးစက်မြန် ဦးနှောက်အမှေးရောင်ရောဂါ မဖြစ်ပွားစေရေး လိုက်လံစစ်ဆေးပေး

ပုဗ္ဗသီရိ ဇူလိုင် ၁၇

ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၁၅ နှစ်အောက် ကလေးများ ကူးစက်မြန် ဦးနှောက်အမှေးရောင်ရောဂါ မဖြစ်ပွားစေရေး လိုက်လံ စစ်ဆေးပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ ရေအိုးစဥ်ကျေးရွာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အဆင့် ၁ ဆရာမ ဒေါ်ဝေဝေလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အသက် ၁၅ နှစ်အောက် ကလေးငယ်များ ကူးစက်မြန် ဦးနှောက်အမှေးရောင်ရောဂါ မဖြစ်ပွားစေရေး ကျေးရွာအတွင်းရှိ ပြည်သူများကို လိုက်လံ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ 

လှိုင်မြင့်(ပြန်/ဆက်)