မိုင်းရယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစပ်ပြိုင်ပွဲကျင်းပ

မိုင်းရယ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစပ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ကဗျာစပ်ပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလွန်(၁)ကျောင်းများမှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၄)ဦးတို့က အာဇာနည်နေ့အထိမ်းအမှတ် ဝမ်းနည်းခြင်းနှင့် ဂုဏ်ပြုခြင်းဆိုင်ရာ ကဗျာများကို စပ်ဆိုယှဉ်ပြိုင် ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုခန်းမ၌ ပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးမှတ်တမ်း၊ ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံရေး လှုပ်ရှားမှုမှတ်တမ်းစသည့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်ပြန်/ဆက်