ဆဒုံး ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ဆနာကျေးရွာတွင် တိုင်ထောင်ပဲတောင့်ရှည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ ကြောင်း သိရသည်၊၊
ဆဒုံးမြို့တွင် ဒေသခံပြည်သူများအနေဖြင့် ယခင်က ဟင်းသီးဟင်းရွက်များကို မိမိတို့ မိသားစု စားသုံးရန်အတွက်သာ စိုက်ပျိုးကြသော်လည်း ယခုအခါတွင် ဒေသခံများအနေဖြင့် ဟင်းသီး ဟင်းရွက်များကို အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလာကြသဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ် နေရေးအတွက် အပိုဝင်ငွေရရှိကြောင်းနှင့် တိုင်ထောင် ပဲတောင့်ရှည် တစ်စည်းလျှင် ငွေကျပ် (၁၀၀၀) ကျပ်ရရှိပြီး တစ်ပတ်လျှင်တစ်ကြိမ် ခူးဆွတ် ရောင်းချ ကြောင်း တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးသူ ဒေါ်ငွါးမလေးထံမှ သိရသည်။
ဆဒုံးမြို့ရှိ ဒေသနေပြည်သူများသည် မိုးရာသီကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့် လုပ်ငန်း၊ ဥယျာဥ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊
ခင်မာဝင်း (ဆဒုံး)