စစ်တွေ ဇူလိုင် ၁၈
(၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် စစ်တွေမြို့ အမှတ်(၁၅) (မူလွန်)ပြည်တော်သာကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၅)ဦးက မိမိကြိုက်နှစ်သက်ရာခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပ ရာပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကာ အခမ်းအနားသို့ ခရိုင်ရုံးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)