သတင်းများ

လပွတ္တာမြို့နယ်၌ ကြက်ဥ၊ ဘဲဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jul 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးမအဖွဲ့ကြီးကြပ်မှူး လပွတ္တာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်သူများမှ သတ်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့တိုက်ရိုက် ကြက်ဥ၊ ဘဲဥများကို ယနေ့နံနက်ပိုင်းမှစတင်၍ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် Transforming Youth Skills Forth Future ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက Transforming Youth Skills Forth Future ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို အဆိုပါကျောင်းရှိ ပုံဆွဲခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့၊ အ.ထ.က(၂)တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး(မူလတန်း၊ အလယ်တန်း) ပညာပေး သင်ခန်းစာများပို့ချ
Jul 27,2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်  အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူများအား ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ပညာပေးသင်ခန်းစာများ ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့၊ အမှတ်၂ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပေါက်တောမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဆန်နီအုန်း စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲ သို့ တက်ရောက်ခြင်း
Jul 27,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာများရှိ တောင်သူများ အသုံးပြုနိုင်ရေးအတွက် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က နတ်တောင်ပြင်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ဟိုပင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သရက်ချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်
Jul 27,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၅ နာရီခန့်တွင် သရက်ချောင်းရေ မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းနေရာများဖြစ်သော မြို့မမြောက်ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်၊ ချောင်းသာယာရပ်ရှိ လူနေအိမ်များတွင် ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
Jul 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီ အချိန်က ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဒုံအုံးကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ဘားအံမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show
Jul 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် မဟာဇနက ပရိယတ္တိစာသင်တိုက် တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ဆရာစံရပ်ကွက်၊ မဟာဇနက ပရိယတ္တိစာသင်တိုက်တွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း+ဒေါ်ကလျာထွေးမိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ယနေ့နံနက် ၁၀နာရီက အဆိုပါကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။