သတင်းများ

၂၀၂၃-၂၀၂၄ ခုနှစ်၊ ဟုမ္မလင်းမြို့နယ်တွင် မိုးသီးနှံများစိုက်ပျိုးပြီးစီးမှု ဧက ၃၉၄၂၃ စိုက်ပျိုးနိုင်ခဲ့ 
Jul 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊  မိုးသီးနှံများ စိုက်ပျိုးစီးမှု   ၃၉၄၂၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး ထံမှသိရသည်။
ဖောင်းပြင်မြို့နယ်မှ ဝက်မွေးမြူရေးလုပ်ကိုင်သူများ အစာအိတ်ပြတ်လပ်သဖြင့် အခက်အခဲဖြစ်
Jul 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဝက်မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် ဝက်စာအိတ်များကို မန္တလေးမြို့မှ တစ်ဆင့် ရေလမ်း၊ ကုန်လမ်းတို့မှ သယ်ယူ၍မွေးမြူရေးကို အစဉ်တစိုက် လုပ်ကိုင်လာကြရာမှ လမ်းခရီးမကြာခဏပိတ်ဆို့မှုများကြောင့် ဝက်စာအိတ်များ ပြတ်လပ်ကာ မွေးမြူရေးလုပ်ကိုင် ရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ဝက်မွေး မြူရေးလုပ်ကိုင်သူ ဦးမျိုးသိန်းထံမှ သိရသည်။
တွံတေးမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့ မြို့မကျောင်းကြီးဦးစီးပဓာနနာယက လွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ်ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ
Jul 27,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မကျောင်းကြီး၏ ဦးစီးပဓာန နာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး(ဘဒ္ဒဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါ ကျောင်း ၌ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Jul 27,2023
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ကိုကိုးကျွန်း၌ သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Jul 27,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင်ယမန်နေ့နံနက် ၁၀ နာရီတွင် သွေးလွန်တုန်ကွေးရောဂါ သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်၌ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၏ (၁၇)ယူနစ်နှင့် ပတ်သက်၍ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ တက်ရောက်ကြသည်။
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ်၌ မြန်မာနိုင်ငံ မူးယစ်‌ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စကားဝိုင်းကျင်းပ
Jul 27,2023
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် သူနာပြုတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ‌ပေးစကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည်။