ကျောက်တလုံးကြီး ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီ အချိန်က ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဒုံအုံးကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် ဒုံအုံးကျောင်းတိုက်ဆရာတော် ဟောကြားသော အနုမောဒနာတရားများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ဧည့်သည်တော်များက ကြည်ညိုမှတ်သားနာယူကြကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)