ဟိုပင် ဇူလိုင် ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၅ နာရီခန့်တွင် သရက်ချောင်းရေ မြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းနေရာများဖြစ်သော မြို့မမြောက်ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်၊ ချောင်းသာယာရပ်ရှိ လူနေအိမ်များတွင် ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဟိုပင်မြို့နယ်မြေ မီးသတ်စခန်းမှ ဒုတိယဦးစီးမှူးဦးသိန်းကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့(၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၁၀)ဦး၊ ဌာနဆိုင်ရာတာဝန်ရှိများ၊ လှုမှုရေးအသင်းအဖွဲ့ဝင်များက စုပေါင်းကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်၊ ချောင်းသာယာရပ်ရှိ ကျား(၁၅၃)ဦး၊ မ(၁၄၃)ဦး၊ အိမ်ထောင်စုပေါင်း(၅၆)စုတို့အား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး (ပြန်/ဆက်)