ကယားပြည်နယ်

ဖားဆောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံ နက်(၉)နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖားဆောင်းမြို့နယ် ​​​မော်ချီး​​တောင်​ပေါ်ရွာသို့ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်​ထောက်လူဝင်မှုကြီးကြပ်​ရေးမှူး ဦးဝင်း​အောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က​မော်ချီး​​​တောင်​ပေါ်​ကျေးရွာရှိ  ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင်ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင် လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် ​​​​​​တောင်ပိုင်းရပ်ကွက်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့​နံနက်(၈)နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် ​​​​​တောင်ပိုင်းရပ်ကွက်တွင် လိုက်လံ နှိုးဆော်ခြင်း ဆောင်ရွက် ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက် က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေး​

ကယားပြည်နယ်​၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် က​လေးငယ်များ ကျန်းမာသန်စွမ်း​စေရန်နှင့် ကူးစက်​ရောဂါတို့မှ ကင်း​ဝေး​စေရန်အတွက် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက်က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေးခြင်းကို ယ​နေ့နံနက်(၈)နာရီ အချိန်က မြို့နယ် ပြည်သူ့​ဆေးရုံတွင် ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ ကယားပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျှက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက်က ဟိုဂျစ်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌  စာ​ပေချစ်သူများ စာဖတ်ဝိုင်းပြုလုပ်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် သံဃာတော်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့် အသက်(၁၈)နှစ်အထက် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၅၅၉) ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၆၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​တေွ့လူနာ (၂)ဦး တေွ့ရှိပါသဖြင့် ၎င်းပိုးတွေ့ လူနာသစ် (၂)ဦးအား လွိုင်ကော်​ဆေးရုံ​ကြီးတွင်ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
Subscribe to ကယားပြည်နယ်