မယ်စဲ့ မတ် ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော အသက် ၁၈နှစ်အထက် ဒေသခံပြည်သူများနှင့် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ က မြို့နယ်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအလိုက် အသိပေးနှိုးဆော်လျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူ ၂၂ ဦး၊ နို့တိုက်မိခင် ၁၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းနှင့် နိုင်ငံ့ဝန်ထမ်းနှင့် အသက် ၆၅ နှစ်အထက် ပြည်သူ ၂၂ ဦးအား အပိုဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရေးကို ပြည်သူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)