မယ်စဲ့ မတ် ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရုံးဌာန များနှင့် နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြိှမ်းသတ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဖြိုးမြတ်သူက မီးသတ်ဆေးဗူး အသုံးပြုပုံနှင့် မီးသတ်ဆေးအကြောင်း အသိပညာပေးဟောပြောပြီး မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဦးစီးဌာနမှ ရောက်မလာခင် ရုံးဌာနများနှင့် နေအိမ်များသို့ ကူးစက်မှုမဖြစ်ပွားစေရေး ရေပုံးလေ့ကျင့်ခန်းဖြင့် ကနဦး မီးငြိမ်းသတ်နည်း၊ မီးသတ် ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းတို့ကို သရုပ်ပြခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပါဝင်သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)