ဖားဆောင်း မတ် ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက် (၁၂) အထက် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ် (ဒုတိယ) အကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြောက်ပိုင်း ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် မော်ချီးဒေသ လွယ်ဗွာခိုကျေးရွာ (အလယ်တန်း) ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်အနေဖြင့် ကျောင်းသား/ကျောင်းသူများအား ဒုတိယအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ (အ-ထ-က) ဖားဆောင်း (၁၀၆) ဦးနှင့် လွယ်ဗွာခိုကျေးရွာ (အလက) (၂၆) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၃၂) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့”ဆောင်ပုဒ် နှင့်အညီ အသက်(၁၂)အထက် ကျန်ရှိနေသေးသော ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)