ကယားပြည်နယ်

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှစ၍ ရွာသစ် တိုက်နယ်ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ဦးစိုင်းမိုးလွင်၊ ဒေါ်နန်းအိအိလှိုင် မိသားစုမှ မွေးနေ့အထိမ်းအမှတ်အဖြစ် မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုများအား ကိုဗစ်ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် အတွက် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းအောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့က တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း အသက်(၁၂)နှစ် ပြည့်ပြီးသော အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၉၀) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၈၃၅)ဦးရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၄)ဦး စစ်ဆေးခဲ့ရာ (၄) ဦး ပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၃၀)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၆၂) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၆) ဦး ပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၉၀)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၁၇) ဦး၊ လွိုင်ကော်မြို့နယ်ရှိ(PMC) တွင်(၃၇)ဦး၊ ဖရူဆိုမြို့နယ်ဆေးရုံတွင်(၇)၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၅)ဦး၊ ဘောလခဲမြို့နယ်(PMC)များတွင် (၂၁)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ရှမ်း ၊ ကယားဘာသာဖြင့် အသိပညာပေးလုပ်ငန်း နှိုးဆော် ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း ၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ(၁၈) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၆၁၂)ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက် ၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၇၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၈) ဦး ပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၁၈)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) တွင်(၄) ဦး၊ လိုခါးလိုတိုက်နယ်ဆေးရုံတွင်(၂)ဦး ထားရှိကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။

မယ်စဲ့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယ​မန်နေ့ နံနက်တွင် အဆိုပါရုံး၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်