မယ်စဲ့ မတ် ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများထဲမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကိုပါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ ကိုဗစ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူရေးအတွက် ကျေးရွာများအရောက် အသိပေးနှိုးဆော် ဆောင်ရွက်ရေးနှင့် ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးရေး တို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)