နေပြည်တော်ကောင်စီနယ်မြေ

ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

နေပြည်တော်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁ဝ)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူးများ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိရာ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် လယ်ဝေးခရိုင်ဦးစီးမှူး ဦးသန်းကိုတို့သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ပေတုန်းမြောင်ကျေးရွာတွင် စာရင်းကောက်ယူမှုများ ကြည့်ရှုအားပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင် အထွက်နှုန်း မရရှိခြင်းအား စစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်းအား‌ တောင်သူများနှင့် တွေ့ဆုံစစ်တမ်းမေးခွန်းများ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၌  သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးပြည်သူ့စာကြည့်တိုက်၌  ဖွင့်လှစ်သင်ကြားခဲ့သည်။

လယ်ဝေးမြို့နယ်၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တပ်ကုန်းမြို့နယ် သာသနိကအဆောက်အဦ ဗုဒ္ဓသာသနာပြု ဗိမာန်တော်တွင်းဝင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ မန္တလေး မြေငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးအစား နှစ်ထပ်ဗုဒ္ဓသာသနာပြုဗိမာန် သာသနိကအဆောက်အဦ ပြန်လည်တည်ဆောက်ရေးတွင်းဝင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဗိမာန်တော်တွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပျဉ်းမနားမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ ရုရှားနေကြာမျိုးစေ့ချ စိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံတွင် ဆောင်းဆီထွက်သီးနှံဖြစ်သည့် ရှရုားနေကြာ မျိုးစေ့ချစိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး  ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ “အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ