တပ်ကုန်းမြို့၌ မြို့မစျေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဆင်းပွဲကျင်းပ

တပ်ကုန်း ဇွန် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့မစျေးမီးဘေးအန္တရာယ်လုံခြုံရေးအတွက် မြို့မဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ   မီးငြှိမ်းသတ်ရေးပညာရပ်များ လေ့ကျင့်သင် ကြားခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စျေးများဌာနမှ ဒုတိယညွှန်ကြားမှူး ဦးခင်မောင်သိန်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်တို့က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 အဆိုပါသင်တန်းကို မြို့မဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား ၁၂ ဦး တက်ရောက်၍ သင်တန်းကာလမှာ ၁၁.၅.၂၀၂၆ မှ ၅.၆.၂၀၂၆ ရက်နေ့ထိ သင်ကြားပေးခဲ့ပြီး၊ မြို့မစျေးအတွက် ရေဂါလန် ၂၀၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီး တာဝန်ချရောက်ရှိလာသည့် ရေသယ်ယာဉ်အား တာဝန်ရှိသူများနှင့်သင်တန်းသားများ  လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်