နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆောင်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်ဘေး ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပသည့် ဆောင်းသီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေး တောင်သူတွေ့ဆုံပွဲနှင့် နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို တက်ရောက်သည်။

ဇေယျာသီရိမြို့နယ် အောင်ဇေယျာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အောင်ဇေယျ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

လယ်ဝေးမြို့နယ်တွင် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တော‌ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

တပ်ကုန်းမြို့၌ “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက လူစည်ကားနေရာဖြစ်သည့် ဗိုလ်ချုပ်ကြေးရုပ်အနီး၊ လမ်းဆုံတွင် “ဒို့အတူတူမဲပေးကြမယ်”  မြေစိုက်ပိုစတာ (Billboard) စိုက်ထူခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ချောင်းမကြီးရေလှောင်တမံနှင့် ရန်အောင်မြင်ရေလှောင်တမံသို့သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသား ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

တပ်ကုန်းမြို့နယ်၌ မဲရုံများ ဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားမှုဖြင့် မြို့နယ်အတွင်း မဲရုံများဖွင့်လှစ်ထားရှိမည့် စာသင်ကျောင်းများ မီးလန့်မှုမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာ (Billboard)စိုက်ထူခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးမီးပွိုင့်၊ ပျဉ်းမနား တောင်ညိုလမ်းနှင့် ရန်မျိုးသန့်စင် လမ်းထောင့်၊ ဇေယျသိဒ္ဓိရပ်ကွက်တွင် စိုက်ထူထားရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေ‌ထွေ‌ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ(Billboard) စိုက်ထူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေ‌ထွေ‌ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာဖြစ်သည့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး သိုက်ချောင်းလမ်းဆုံ၌ စိုက်ထူခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ အခြေအခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ‌ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ