ဇမ္ဗူသီရိမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးကဏ္ဍတိုးတက်လာစေရန် ရက် (၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျွဲ၊ နွားရောဂါကာကွယ်ဆေးများဖြစ်သည့် လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ နို့စားနွားမေထုန်မဲ့သားစပ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။