အမြို့မြို့အနယ်နယ်သတင်းများ

အိမ်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးပါးတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍  “၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးပါးတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုး ထည့်သွင်းမြေမြှုပ်ပွဲ” အခမ်းအနားကို ယနေ့  နံနက် (၉) နာရီအချိန်က အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ် ကျေးရွာရှိ တောင်သူ ဦးလှကျော်၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ဖြေဆို

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိစေရန်ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းလုံး၌ Placement Test (အထူးအစီအစဥ်)စာမေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် Placement Test (အထူးအစီအစဥ်) စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.ကမချမ်းဘောစာစစ်ဌာန၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။ 

ငွေဆောင်မြို့၊ အ.ထ.က( ငွေဆောင်)စာသင်ကျောင်း၌  ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.     က - ငွေဆောင်) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာ အသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ "မြသီတာခန်းမ" ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက် (၉:၃၀) အချိန်က အမှတ် (၈) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement test (အထူးအစီအစဉ်) စာမေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် Placement test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ Grade-1 မှ Grade-8 ထိ ကျောင်းသား၊ ကျောင်းသူ ၄၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။  

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှု ပလတ်စတစ်ခြင်း ရက်လုပ်ခြင်း သင်တန်းဖွင့်လှစ်

၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပလတ်စတစ်ခြင်း ရက်လုပ်ခြင်းသင်တန်းဖွင့်လှစ်ခဲ့သည်။

အောင်လံမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရန်၊ ဗဟုသုတတိုးပွားစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

သီတဂူဗုဒ္ဓတက္ကသိုလ်(သန်လျင်)ကျောင်းသားသစ်ကြိုဆိုပွဲနှင့် ဒီပလိုမာအောင်လက်မှတ်ပေးအပ်

သန်လျင်ခရိုင် သန်လျင်မြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ် ကြိုဆိုပွဲနှင့် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

ဘိုကလေးမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၄/၂၆) ဖွင့်ပွဲ ကျင်းပဆောင်ရွက်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ