လင်းခေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့် စံပြကွက် ဆောင်ရွက်မည့်တောင်သူများအတွက် မျိုးစေ့နှင့် မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့်စံပြကွက်များ စိုက်ပျိုးမည့် တောင်သူများအတွက် မျိုးစေ့နှင့်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။