ဘိုကလေး ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ်(၄/၂၆) ဖွင့်ပွဲ ကျင်းပဆောင်ရွက်သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်တွင်းမှ စက်သုံးဆီဆိုင်များနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများရှိ သီးသန့်တပ်ဖွဲ့ သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် နည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များက ဇွန် ၁၅ ရက်မှ ၁၉ ရက်နေ့ထိ နေ့စဉ်နံနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ အခြေခံမီးသတ်ပညာရပ်များ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ စက်သုံးဆီဆိုင်များမှ သင်တန်းသား (၂၀) ဦး၊ စည်ပင်သာယာဈေး သင်တန်းသား (၁၀) ဦး၊ စုစုပေါင်း (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။
မိုးစက်