အောင်လံမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

အောင်လံ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရန်၊ ဗဟုသုတတိုးပွားစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းတင့်က ကျောင်းသူ၊ ကျောင်းသားများအား အနာဂတ်တွင် ထူးချွန်ထက်မြက်ပြီး အားကိုးအားထားပြုရမည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို ​အကျယ်တဝံ့ ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)