အမြို့မြို့အနယ်နယ်သတင်းများ

ကလောမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပခဲ့သည်။

မိုင်းရှူးမြို့၌ ရွှေဟင်္သာစျေး ငွေစုငွေချေးသမဝါယမ အသင်းလီမိတက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်၊သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကော့ကရိတ်မြို့တွင် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ အမျိုးသမီးများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက Community Centre ၌ ပြုလုပ်ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲများပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုး ရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်သည်။

ဆီဆိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (ဆီဆိုင်) ၌ ကျင်းပသည်။

အောင်လံမြို့နယ်၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် မုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အစားအသောက်နှင့် ရေသုံးစွဲမှု ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံပညာမူလတန်းလွန်ကျောင်း (ကျောင်းစု) သို့ ကွင်းဆင်း၍ ရေကန်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

တောင်တွင်းကြီးမြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ (သက်တန့်ရောင်စီမံကိန်း) မှ စပ်မျိုးဝါမျိုး​စေ့သီးနှံစိုက် သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သမဝါယမဦးစီးဌာနမှ တိုင်းပြည်စားနပ်ရိက္ခာ‌များ ပေါများလာစေရန်၊ သွင်းအားစုများ ထုတ်‌ပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ဝင်ငွေတိုးရေးနှင့် လူမှုစီးပွားမြှင့်တင်နိုင်ရန် ရည်ရွယ်၍  (သက်တန့်ရောင်စီမံကိန်း) မှ သီးလုံးဖောက်ပိုးဒဏ်ခံနိုင်ရည်ရှိသည့် စပ်မျိုးဝါမျိုးစေ့သီးနှံစိုက် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်က ကြက်ဆူတော (မြောက်) ကျေးရွာ၊ ရေပြားကျေးရွာနှင့် ပိန္နဲပင်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉နာရီခွဲအချိန်က ကျောင်းသား၊ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ အစိုးရထုတ် ယူရီးယားဓာတ်မြေသြဇာများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အတွက်ရရှိသော အစိုးရ ထုတ် ယူရီးယားဓာတ်မြေသြဇာများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တကုန်းကြီး ကျေးရွာ စိုက်ပျိုးရေးစခန်းတွင်ပြုလုပ်သည်။

မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ