ဒလမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက် (၉:၃၀) အချိန်က အမှတ် (၈) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒလမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးမောင်မျိုးက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးရန်ပိုင်အောင်က ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မီမီလင်းက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ မေးခွန်းများ မေးမြန်းကာ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။

အဆိုပါဟောပြောပွဲ့သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်‌ ဒေါ်ဆွေဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)