ကျောက်တံခါးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement test (အထူးအစီအစဉ်) စာမေးပွဲများ စတင်ဖြေဆို

ကျောက်တံခါး ဇွန် ၁၅     

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် Placement test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ Grade-1 မှ Grade-8 ထိ ကျောင်းသား၊ ကျောင်းသူ ၄၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။  

အဆိုပါစာမေးပွဲဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အားဖြည့်အချိုရည်နှင့်မုန့်များ ဝေငှခဲ့ကြောင်းသိရသည်။

မျိုးမင်း(ပြန်/ဆက်)