အမြို့မြို့အနယ်နယ်သတင်းများ

မြစ်သားမြို့နယ် ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန် ၁၂ ရက် နံနက် ၉ နာရီခွဲက ကျီတော်ကုန်းအခြေခံ ပညာမူလတန်း လွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို "ဆိုရှယ်မီဒီယာ၏ကောင်းကျိုး၊ ဆိုးကျိုး" နှင့် "ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီက အ.မ.က(မြင်သာ)​​ကျောင်း ၌ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့ မြို့မရပ်ကွက် မူလတန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက မြို့မ ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုစက်ချုပ်သင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ကျန်းမာရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ထားဝယ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးကိုကိုစိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၃၁) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၃၁) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးဆောင်မှုဖြင့်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုရှိ တပ်ဖွဲ့၀င် သားသမီးများအား သင်ထောက်ကူပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုရှိ တပ်ဖွဲ့၀င် သားသမီးများအား သင်ထောက်ကူပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတပ်ဖွဲ့ရုံးတွင် ပေးအပ်ခဲ့ကြသည်။

လက်ပံတန်းမြို့နယ်၌ သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြသ

ပဲခူးတိုင်းဒေသကြီး လက်ပံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို ယ‌နေ့နံနက်ပိုင်းက ချမ်းသာကုန်းစိုက်ပျိုးရေးစခန်း၌ ပြုလုပ်ခဲ့သည်။

မူလတန်းကြို‌ကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ Genius House မူလတန်းကြိုကျောင်း၌ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ