လက်ပံတန်းမြို့နယ်၌ သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြသ

လက်ပံတန်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး လက်ပံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သဘာဝမြေဩဇာဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို ယ‌နေ့နံနက်ပိုင်းက ချမ်းသာကုန်းစိုက်ပျိုးရေးစခန်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်မာဌေးက သဘာဝမြေဩဇာဘိုင်အိုချာ ပြုလုပ်နည်းအဆင့်ဆင့်၊ လိုအပ်သည့်ပစ္စည်းထည့်သွင်းအသုံးပြုရန်နှုန်းထားများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သဘာဝမြေဩဇာဘိုင်အိုချာ ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအားလက် တွေ့ပြသခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)