နေပြည်တော် ဇွန် ၁၂
မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ Genius House မူလတန်းကြိုကျောင်း၌ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် အချိန်နှင့်တပြေးညီဆောင်ရွက်ကြရန်၊ မူလတန်းကြိုပညာရေးသည် ကလေးငယ်များ၏အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများ ပြည့်စုံစွာထောက်ပံ့ပေးရန်နှင့် မိဘများအားပညာရေးတွင်ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့်သင်ယူမှုပတ်ဝန်းကျင် ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများပြည်စုံစွာထားရှိပေးရန်၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေးနည်းစနစ်များကို ကလေးများအရွယ်နှင့်ကိုက်ညီစွာ မိတ်ဆက်သင်ကြားပေးရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြလိုကြောင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)