မြောက်ဥက္ကလာပ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုရှိ တပ်ဖွဲ့၀င် သားသမီးများအား သင်ထောက်ကူပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတပ်ဖွဲ့ရုံးတွင် ပေးအပ်ခဲ့ကြသည်။
ဦးစွာ အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် မိမိတို့ယာဥ်ထိန်းတပ်ဖွဲ့စုရှိ တပ်ဖွဲ့၀င်မိသားစု သားသမီးများအား သင်ထောက်ကူပစ္စည်း၊ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အတွက်တပ်ဖွဲ့ဝင်များ၏ သား၊ သမီး ကျောင်းသား/ သူ (၁၃) ဦးအား တစ်ဦးလျှင် ၅၅၀၀ဝိ/ ကျပ်တန်ဖိုးရှိ စာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကွန်ပါဘူးများအား အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်က ပေးအပ်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)