အမြို့မြို့အနယ်နယ်သတင်းများ

နောင်ချိုမြို့နယ်တွင် MEVMမဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများစနစ်တကျ ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်၍ နောင်ချိုမြို့ မဏိရတနာခန်းမတွင် ထုတ်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး

၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ(၂၈)ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့မွန်းလွဲ(၁၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ဆောင်းသီနှံဖြစ်သည့် ကုလားပဲများ စိုက်ပျိုးအောင်မြင်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံဖြစ်သောကုလားပဲ  စိုက်ပျိုး‌အောင်မြင်လျက်ရှိ‌ကြောင်းသိရသည်။

လင်းခေးမြို့နယ်အတွင်း ရွေးကောက်ပွဲမဲရုံများ၌အသုံးပြုမည့် MEVM မဲပေးစက်နှင့်ဆက်စပ် ပစ္စည်းများထုတ်ပေးပြီး တာဝန်ရှိသူတို့က ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံကြိုတင်ပြင် ဆောင်ရွက်ထားရှိမှုအခြေအနေကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅ ခုနှစ်ဒီဇင်ဘာ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း ရှိမဲရုံများတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်MEVM မဲပေးစက်များနှင့်ဆက် စပ်ပစ္စည်းများအား တာဝန်ရှိသူတို့က ရပ်ကွက်နှင့်ကျေးရွာမဲရုံမှူးများထံ ထုတ်ပေးခြင်းနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေဘိုမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက် ထားရှိသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအားယနေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပေါင်းတည်၌ နွေစပါး ၂၆၃၄၃ ဧက စိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌   ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေရယူကာ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းကို နှစ်စဉ်ဆောင်ရွက်ခဲ့ကြရာ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးအဖွဲ့က တောင်သူများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး "ဒို့အတူတူမဲပေးကြမယ်" တိုင်းရင်းသားဘာသာစကား(၅)မျိုးပါသည့် လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက်  “ဒို့အတူတူမဲပေးကြမယ်” တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့်လက်ကမ်းစာစောင်ကို ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာ့ဗိမ္မာန် ကျောင်းဝင်းအတွင်း၌ ညောင်လေးပင်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည့် နေရပ်စွန့်ခွာမိဘပြည်သူများ၏လက်ဝယ်အရောက်ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် မဲရုံများလျာထားပြင်ဆင်ထားရှိမှုများအားကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာခြင်းနှင့် မဲရုံများ လျာထားပြင်ဆင်ထားရှိမှုအခြေအနေများအား ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဝင်းအောင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ‌ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ