စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

ဦးစွာစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သိန်းဇော်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ရဲတပ်ဖွဲ့မှူးရုံးများမှ အရာရှိများနှင့် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦးအား သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ၄-၅-၂၀၂၆ မှ ၁၂-၆-၂၀၂၆ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)