မကွေးတိုင်းဒေသကြီး

ပေါက်မြို့စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့အ.ထ.က စာစစ်စာဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှစတင် ဖြေဆိုသည်။

တောင်တွင်းကြီးမြို့နယ်တွင် အပူဒဏ်အန္တရာယ်တားဆီးကာကွယ်ရေး နှိုးဆော်ချက် မြေစိုက်နံရံကပ်ဘုတ်စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မြင့်တက်လာသည့် အပူရှိန်ကြောင့် ဒေသခံပြည်သူများ အပူဒဏ်အန္တရာယ်တားဆီးကာကွယ်ရေးနှိုးဆော်ချက် သတိပေးမြေစိုက်နံရံကပ်ဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တောင်တွင်းကြီးမြို့၊ မြို့နယ်လမ်းစုံ၌ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများစုပေါင်းအဖွဲ့က ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စားတော်ပဲ ၁၇၈၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၂ တင်း ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စားတော်ပဲ ၁၇၈၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၂ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။  

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ၊ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နှစ်ညတိုင်တိုင် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

နတ်မောက်မြို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၁)အမှတ်(၃)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနများသို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုနေမှုအား တောင်တွင်းကြီးတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စာစစ်ဌာန)နှင့် ဆတ်သွားအခြေခံပညာအထက်တန်းကျောင်း(စာစစ်ဌာန)တို့၌ ယမန်နေ့နံနက်ပိုင်းမှစတင်၍  ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး တောင်တွင်းကြီးတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ် နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာစာဘာသာရပ်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားနပ်ရိက္ခာများငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်ဆောက်နိုင်ရန်နှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားနပ်ရိက္ခာငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာစစ်ဌာနနှစ်ခု၌ ပထမနေ့စာမေးပွဲအဖြစ် (မြန်မာစာဘာသာ)ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး