ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြော၊ စာအုပ်စာစောင်ပြသ

ပခုက္ကူ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က မီဒီယာနှင့်သတင်းအချက်ဆိုင်ရာ သိနားလည်မှုအကြောင်း ရှင်းလင်းဟောပြောပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဟောပြောသည်။

ထို့နောက် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုနှင့် ဝန်ထမ်းများ၊ မိသားစုဝင်ငွေတိုး အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ သင်တန်းသား၊ သင်တန်းသူများအား သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြကာတွန်း၊ ဆောင်းပါး စသည့် စာအုပ်စာစောင်များ စနစ်တကျ ခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)